ဟောင်သရောမြစ်အတွင်းလှိုင်ကွယ်- မဲသရောအပိုင်းတံတားစတင််ဆောက်လုပ်နေပြီ

...

ဟောင်သရောမြစ်အတွင်းလှိုင်ကွယ်- မဲသရောအပိုင်းတံတားစတင််ဆောက်လုပ်နေပြီ

Karen News, 27 Jan 2014

URL: http://www.kicnews.org/2014/01/%E1%80%B1%E1%80%9F%E1%80%AC%E1%80%84%E1%80%B9%E1%80%9E%E1%80%B1%E1%80%9B%E1%80%AC%E1%80%BB%E1%80%99%E1%80%85%E1%80%B9%E
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ(လှိုင်ကွယ်- မဲသရောအပိုင်း)ဟောင်သရောတံတားကိုနိုင်ငံတော်ဘက်ဂျက်ဖြင့်အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာန၏ကော့ကရိတ်မြို့နယ်တံ တားဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ (၂) က တာဝန်ယူကာဇန်နဝါရီလပထမအပတ်မှစ၍ဆောက်လုပ်နေပြီဖြစ်သည်။
အရှည်ပေ၉၂၀၊ အကျယ်၂၄ပေရှိ အာစီတိုင်၊ သံချည်တို့ဖြင့် တည်ဆောက်လုပ်သွားမည့်၎င်းတံတားကိုတန်ချိန်(၆၀)ခံနိုင်ရည်ဝန်အာမခံကာ သုံးနှစ်နှင့်အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်းတံတားဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၂)၏တာဝန်ရှိသူဦးတင်လှိုင်ကိုကိုကပြောသည်။
“ ဒီတံတားကိုသုံးနှစ်စီမံကိန်းနဲ့ကျွန်တော်တို့အပြီးတည်ဆောက်သွားမှာပါ။လောလောဆယ်တော့စပြီးတည်ဆောက်နေတုန်းပေါ့” ဟုဦးတင်လှိုင်ကိုကိုကကေအိုင်စီသို့ပြောဆိုသည်။
ယင်းဟောင်သရောတံတားဆောက်လုပ်ခြင်းကြောင့်ဒေသခံလူထုများအတွက်သွားလာမှုများလွယ်ကူလာစေပြီးပညာရေး၊ကျန်းမာရေး၊လူမှုရေးနှင့်စီးပွားရေးလုပ်ငန်းများ အတွက်အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်၍တည်ဆောက်ရခြင်း ဖြစ်သကဲ့သို့ကုန်ကျစရိတ်အားဖြင့်ကျပ်သိန်းနှစ်ထောင်လျာထားသည်ဟုကရင်ပြည်နယ်၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ကိုယ်ရေးအရာရှိခေါင်ပန်ထော့ကပြောသည်။
ကော့ကရိတ်မြို့နယ်၊လောင်းကိုင်ရွာခံမန်းသိန်းဇော်က“ တံတားဆောက်လုပ်ပေးတာဒေသခံတွေအတွက်အကျိုးစီးပွားရရှိလာမယ်။ကျွန်တော်တို့ကဒီတံတားပြီးရင်လွတ်လပ်စွာသွားလာချင်ကြတယ်။အခွန်အခကောက်တာ တွေကိုတော့မကောက်ခံရင်အကောင်းဆုံးပေါ့” ဟုပြောသည်။
ထိုတံတားတည်ဆောက်ပြီးဆုံး၍အသုံးပြုနိုင်သည့်အချိန်တွင်ဒေသခံပြည်သူလူထုအတွက်အကျိုးရှိလာနိုင်သော်လည်းကား၊ဆိုင်ကယ်များကိုတံတားအသုံးပြုခအဆမ တန်ကောက်ခံပါကဒေသခံများအတွက်အခက်အခဲဖြစ်စေနိုင်သည်ဟု မန်းသိန်းဇော်ကဆက်ပြောသည်။
ကော့ကရိတ်မြို့နယ်ရှိဟောင်သရောမြစ်အတွင်း ၂၀၀၃ ခုနှစ်က “ ကျိုက်ဒုံ”မြစ်ကူးတံတားတစင်းကိုအလားတူတည်ဆောက်ခဲ့ရာယခုအချိန်တွင်သွားရေးလာရေးအတွက် စတင်အသုံးပြုနေပြီဖြစ်သည်။ ယခင်ကဟောင်သရောမြစ်ကြောင်းတလျောက်ဒေသခံများမှာလှေဖြင့်သာသွားလာခဲ့ရပြီးအသွားအပြန်ခရီးအတွက်လူတဦးလျှင် ၁၂၀၀ကျပ်လှေခကုန်ကျကြောင်းသိရသည်။