ဒုက္ခသည်စခန်းများတွင်သန်းခေါင်စာရင်းကောက်ယူရန်အစိုးရနှင့်ကေအန်ယူဆွေးနွေးမည်

...

ဒုက္ခသည်စခန်းများတွင်သန်းခေါင်စာရင်းကောက်ယူရန်အစိုးရနှင့်ကေအန်ယူဆွေးနွေးမည်

Mizzima News, 14 Jan 2014

URL: http://www.mizzima.com/mizzima-news/refugees/item/10813-government-knu-to-discuss-census-plan-for-refugee-camps
မြန်မာအစိုးရနှင့်ထိုင်းနိုင်ငံအစိုးရများသည်ဤနှစ်အတွင်းပြုလုပ်မည့်သန်းခေါင်စာရင်းကောက်ခံခြင်းတွင်ထိုင်းနယ်စပ်တလျှောက်ရှိဒုက္ခသည်စခန်းများတွင်နေထိုင်သော
ဒုက္ခသည်များပူးပေါင်းပါဝင်နိုင်ရန်အတွက်ဆွေးနွေးမှုပြုလုပ်မည့်အစီအစဥ်ရှိသည်ဟုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှအရာရှိတဦးကဆိုသည်။

ထိုင်းနိုင်ငံနယ်စပ်ရှိစခန်းများ၌ခန့်မှန်းချေလူဦးရေ ၁၃၀၀၀၀ ယောက်ကိုစစ်တမ်းကောက်ယူရာတွင်ကေအန်ယူကိုပံ့ပိုးကူညီမှုပေးရန်လိုအပ်သည်ဟု၎င်းကဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဦးခင်ရီနှင့် ကေအန်ယူဗဟိုေကာ်မတီဝင်များ သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဥ်အတွက်ဇန်နဝါရီလ ၁၄ ရက်နေ့ဖားအံမြို့၊ကရင်မြို့နယ်တွင်နှစ်ရက်တာဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်သည်။

ဤေဆွနွေးပွဲဖြစ်မြောက်လာခဲ့သော် ထိုနေရာ၌သန်းခေါင်စာရင်းသွားကောက်ယူမည်ဖြစ်သည်ဟု၎င်းကဆိုသည်။

စခန်းထဲရှိဒုက္ခသည်များဤသန်းခေါင်စာရင်းကောက်ခံခြင်းတွင်ပူးပေါင်းပါဝင်ရန်လိုအပ်သည်ဟုတွဲဖက်အတွင်းရေးမှူး ၁ စောသောသီဘွဲကဆိုသည်။ဘာဘဲဖြစ်ဖြစ်သူတို့သန်းခေါင်စာရင်းကောက်ခံခြင်းတွင်ပူးပေါင်းပါဝင်ရန်ကျွနုပ်တို့မှာဆန္ဒရှိသည်ဟုဆိုသည်။

ကေအန်ယူ၏ထောက်ပံ့ကူညီမှုဖြင့်ဤသန်းခေါင်စာရင်းကောက်ခံခြင်းတွင်ရင်ဆိုင်ဖြတ်သန်းရမည့်စိန်ခေါ်မှုများ၊ဘာသာစကား နှင့်လှုံခြုံမှုအဟန့်အတားများကို
ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

ဤစခန်းများသည်ကရင်ဒုက္ခသည်အများစုအတွက်ခိုလှုံရာနေရာဖြစ်သကဲ့သို့မွန်၊ကရင်နီနှင့်အခြားသောလူမျိုးစုအတွက်လည်းခိုလှုံရာနေရာဖြစ်ပါသည်။