မယ်လဒုက္ခသည်စခန်းတွင်မီးလောင်ကျွမ်းမှုကြောင့်အိမ်ခြေ၁၂၀ပျက်စီးဆုံးရှုံးခဲ့ခြင်း

...

မယ်လဒုက္ခသည်စခန်းတွင်မီးလောင်ကျွမ်းမှုကြောင့်အိမ်ခြေ၁၂၀ပျက်စီးဆုံးရှုံးခဲ့ခြင်း

Reliefweb, 27 Dec 2013

URL: http://reliefweb.int/report/thailand/120-homes-destroyed-mae-la-refugee-camp-fire
မြန်မာပြည်နယ်စပ်ထိုင်းနိုင်ငံ၊မဲဆောက်တောင်ပိုင်းနှင့်၆၀ကီလိုမီတာအကွာတွင်ရှိသည့်မယ်လဒုက္ခသည်စခန်းတွင်သောကြာနေ့၌မီးလောင်ကျွမ်းမှုအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးအိမ်ခြေ၁၂၀ပျက်စီးဆုံးရှုံးကာလူနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့သည်။
စခန်းအတွင်းရှိဇုန်စီအပိုင်း၃၌မွန်းလွဲ၂နာရီခန့်တွင်မီးလောင်ကျွမ်းမှုဖြစ်ပွားရာအိမ်ခြေ၁၂၀ပျက်စီးဆုံးရှုံးကာစခခန်းအတွင်းနေထိုင်သူများမှမီးလောင်ကျွမ်းကူးစက်ခြင်းမှကာကွယ်ရန်အတွက်အခြားအိမ်၄၀ခန့်ဖြိုချပြစ်ခဲ့ရသည်ဟုဒုက္ခသည်စခန်းအတွင်းရေးမှုးနော်ဒေးဒေးဖိုးမှပြောဆိုလိုက်သည်။
“ဇုန်စီမှာရှိတဲ့ဘော်ဒါကျောင်းကနေမီးစလောင်တယ်လို့ကျွန်မတို့ကြားတယ်၊အိမ်ပေါင်း၁၂၀မီးထဲပါသွားတယ်၊စခန်းတွင်းနေထိုင်သူတွေကလည်းမီးကူးစက်တာကိုကာကွယ်ဖို့အတွက်အခြားအိမ်၃၀၊၄၀လောက်ကိုဖြိုချခဲ့ရတယ်”ဟုစခန်းအတွင်းရေးမှုးမှပြောခဲ့သည်။ ဖြစ်ပွားမှုတွင်ကလေးတဦးနှင့်အရွယ်ရောက်သူတဦးထိခိုက်ဒဏ်ရာရခဲ့သည်။
မဲဆောက်မှလွှတ်လိုက်သောမီးသတ်ကားများရောက်လာပြီးနောက်ပိုင်းညနေ၃နာရီခန့်တွင်မီးလောင်ကျွမ်းမှုကိုထိန်းချုပ်နိုင်ခဲ့သည်။ဒဏ်ရာရသည့်အရွယ်ရောက်သူတဦးမှာအလောင်ခံရမှုပြင်းထန်သဖြင့်မယ်လဆေးရုံတွင်တက်ရောက်ကုသခံနေရသည်။
မီးလောင်ကျွမ်းမှုတွင်အိမ်များဆုံးရှုံးသွားသောသူများသည်ယခုအခါဆွေမျိုးတော်စပ်သူများ၊သူငယ်ချင်းများနှင်အတူသွားရောက်နေထိုင်နေကြသော်လည်းစောင်များနှင့်အနွေးထည်များအရေးပေါ်လိုအပ်နေပါသည်။ ၂၀၁၂ခုနှစ်ဧပြီလတွင်စခန်းအတွင်းရပ်ကွက်(၁)ဘာသာရေးကျောင်းသည်မီးလောင်ကျွမ်းမှုကြောင့်ပျက်စီးခဲ့ရသည်။
ထိုနည်းတူ၂၀၁၂ခုနှစ်ဖေဖော်ဝါရီလတွင်လည်းတက်ခ်ခရိုင်၊ဖုတ်ဖရဒ်မြို့ရှိအုန်းဖြန့်ဒုက္ခသည်စခန်းတွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးအိမ်ပေါင်း၃၀၀၀ကျော်ပျက်စီးကာဒုက္ခသည်ထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။