၂၁ ရာစုပင်လုံညီလာခံ ကျင်းပမည့် ကာလအတွင်း NCA ထိုးထားသည့်အဖွဲ့အချင်းချင်း ထိတွေ့မှုမရှိစေရန် ဒုဗိုလ်ချုပ်ကြီးတိုက်တွန်း

...

၂၁ ရာစုပင်လုံညီလာခံ ကျင်းပမည့် ကာလအတွင်း NCA ထိုးထားသည့်အဖွဲ့အချင်းချင်း ထိတွေ့မှုမရှိစေရန် ဒုဗိုလ်ချုပ်ကြီးတိုက်တွန်း

Mizzima, 04 May 2017

URL: http://www.mizzima.com/news-domestic/jmc-u-chairman-urges-nca-signatories-avoid-engagements-panglong-conference
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံကျင်းပမည့် ကာလအတွင်း NCA ထိုးထားသည့် အဖွဲ့ဝင်များအနေဖြင့် အချင်းချင်း ထိတွေ့တိုက်ပွဲများမရှိအောင်နေကြစေလိုကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တိုက်တွန်းလိုက်သည်။

“၂၁ ရာစုပင်လုံညီလာခံ ကျင်းပတော့မယ့် ကာလအတွင်းမှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ မြေပြင်မှာ ထိတွေ့ တိုက်ခိုက်မှုမရှိအောင် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သံသယ
တွေကို အောက်ခြေအဆင့်မှာပဲ ကျေလည်အောင် ညှိနှိုင်းဖြေရှင်းသွားမယ်၊ တကယ်လို့ မကျေလည်ဘူးဆိုရင်လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ရိုက်ညှိနှိုင်းပြီးတော့မှ ဖြေရှင်းနိုင်မယ့်ကိစ္စ၊ ကျွန်
တော်တို့အနေနဲ့ မဖြေရှင်းနိုင်တဲ့ ကိစ္စမရှိပါဘူး” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

ယနေ့ မေလ(၃)ရက်နေ့ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် ကော်မတီ၏ ဒသမအကြိမ်မြောက် ပုံမှန်အစည်း
အဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ဒီကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ JMC အဖွဲ့ဝင်တွေအနေနဲ့ ဒါလေးတွေကို ဦးစားပေးပြီးတော့မှ စီမံဆောင်ရွက်ပေးပါလို့တိုက်တွန်းလိုပါတယ် ”ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြော
သည်။

NCA ထိုးထားတဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာ သံသယတွေရှိခဲ့ပါက တစ်ဖွဲ့နှင့်တစ်ဖွဲ့ စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် ညှိနှိုင်းပြီးဆွေးနွေးမည်ဆိုပါက အဆင်ပြေနိုင်မည့် အနေအထားရှိသည်ဟု
လည်း ၎င်းကဆိုသည်။