၂၁ရာစုပင်လုံညီလာခံတွင်ပါဝင်မည့်အဖွဲ့အစည်းများနှင့်အတူမြန်မာ့တပ်မတော်မှပူးပေါင်းဆောင်ရွက်မည်

...

၂၁ရာစုပင်လုံညီလာခံတွင်ပါဝင်မည့်အဖွဲ့အစည်းများနှင့်အတူမြန်မာ့တပ်မတော်မှပူးပေါင်းဆောင်ရွက်မည်

Radio Free Asia, 30 Jun 2016

URL: http://www.rfa.org/english/news/myanmar/myanmars-military-to-cooperate-with-stakeholders-at-panglong-peace-conference-06292016161235.html
မြန်မာ့တပ်မတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမှတပ်မတော်သည်လည်းသြဂုတ်လတွင်ကျင်းပမည့်ဒေါ်အောင်ဆန်းစုကြည်၏၂၁ရာ
စုပင်လုံညီလာခံသေချာပေါက်အောင်မြင်မှုရှိစေရန်အတွက်အစိုးရညှိနှိုင်းဆွေးနွေးသူများ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
များနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ဖော်ကြေငြာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ယမန်နှစ်အောက်တိုဘာလတွင်အစိုးရနှင့်အတူတစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာ
ချုပ်(NCA)ကိုလက်မှတ်ရေးထိုးခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှငြိမ်းချမ်းရေးလုပ်ငန်းစဉ်ညှိနှိုင်းဆွေးနွေးမှုအသင်း(PPST)
နှင့်အတူဗုဒ္ဓဟူးနေ့၌နေပြည်တော်တွင်ပြုလုပ်သည့်အစည်းအဝေးတွင်မှတ်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်းအစည်းအဝေးတက်ရောက်သူ
ရခိုင်လွတ်မြောက်ရေးပါတီမှခေါင်းဆောင်ဒေါ်မြရာဇာလင်းကပြောခဲ့သည်။

NCA လက်မှတ်မရေးထိုးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်းညီလာခံတွင်ပူးပေါင်းပါဝင်ကြရန်အတွက်ဗိုလ်ချုပ်မှူး
ကြီးကလည်းကြိုဆိုကြောင်းပြောကြားခဲ့သည်။ဤတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်ပြီးခဲ့သည့်ဆွေးနွေးပွဲများတွင်ချန်လှပ်
ထားခြင်းခံရသည့်အဖွဲ့များဖြစ်သည်။