ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် နာမည်ပျက်စာရင်းသွင်းခံရသည့် ပြည်ပရောက် မြန်မာတွေ ပြန်ခွင့်ရရေး ဆောင်ရွက်ပေးမည်ဟု မြန်မာအစိုးရ ပြောကြား

...

ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် နာမည်ပျက်စာရင်းသွင်းခံရသည့် ပြည်ပရောက် မြန်မာတွေ ပြန်ခွင့်ရရေး ဆောင်ရွက်ပေးမည်ဟု မြန်မာအစိုးရ ပြောကြား

Radio Free Asia, 26 May 2016

URL: http://www.rfa.org/english/news/myanmar/myanmar-government-to-let-blacklisted-democracy-activists-return-from-exile-05262016150955.html
နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြည်ပရောက်သွားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ ပြည်တော်ပြန်နိုင်ရန် အစိုးရသစ်ရဲ့ ရက်ပေါင်း၁၀၀
ဆောင်ရွက်ချက်မှာထည့်သွင်းလုပ်ဆောင်သွားမယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ကြာသာပတေးနေ့တွင်
ပြောကြားလိုက်သည်။

နေရပ်ပြန်လာမည့် သူများအား ၎င်းတို့နေထိုင်ခဲ့ဖူးသည့် နိုင်ငံအတွင်း၌ အခွင့်အရေးနှင့် ကာကွယ်မှု အပြည့်အဝရရှိစေရန်အတွက်နိုင်
ငံခြားရေးဝန်ကြီးဌာနက လုပ်ဆောင်နေပြီး ၎င်းတို့အား နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး နာမည်ပျက်စာရင်းမှ ပယ်ဖျက် ပေးသွားမည်ဖြစ်
ကြောင်း ဦးကျော်တင်က ပြောခဲ့သည်။

၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးဆန္ဒပြမှု အရေးအခင်းတွင် အစိုးရမှ အကြမ်းဖက် အင်အားသုံးနှိမ်နင်းမှုကြောင့် ထောင်ပေါင်းများစွာသော
မြန်မာကျောင်းသားများ၊ ယခင် နိုင်ငံရေးအကျဉ်းသားများနှင့် စစ်ပြေး ဒုက္ခသည်များသည် အမေရိကန်၊ ဥရောပနိုင်ငံများ၊ နယူးဇီလန် ၊
တောင်ကိုရီးယား ၊ စင်္ကာပူ နှင့် ဂျပန်နိုင်ငံစသည်တို့တွင် အခြေချနေထိုင်ကြသည်။

ထိုင်းနိုင်ငံတွင် နေထိုင်သော နိုင်အောင်သည်ဦးသိန်းစိန်အစိုးရလက်ထက်တွင် နာမည်ပျက်စာရင်း ထည့်သွင်းခံထားရခြင်းမှ ပယ်ဖျက်ပေး
ပြီးနောက်၂၀၁၂ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ထို့နောက် ၎င်းမှ အစိုးရက နာမည်ပျက်စာရင်း သွင်းထားသူများအား
စာရင်းမှ ပယ်ဖျက်ပေးရန် အစိုးရထံ တိုက်တွန်းပေးဖို့ ကြိုးစားနေသည်။

“ကျွန်တော်တို့ နိုင်ငံကို ပြန်လာလို့ရအောင် ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်လက်
အောက်မှာ ကျွန်တော်တို့ အလုပ်လုပ်ချင်ပါတယ် ”ဟု ၎င်းက RFA မြန်မာပိုင်းသို့ ပြောခဲ့သည်။ “၁၉၈၈ကတည်းက ဒီမိုကရေစီနဲ့လူ့အခွင့်
အရေး အတွက် လုပ်ကိုင်ခဲ့ကြတဲ့သူတွေကို ပြန်လာခွင့်ပေးတဲ့ အကြံဉာဏ်က ကောင်းပါတယ်။”