မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏အပစ်အခတ်ရပ်စဲရေးဆိုင်ရာဒုတိယအကြိမ်ဆွေးနွေးပွဲရွှေ့ပြောင်းခြင်း-(သတင်းအစီအရင်ခံခြင်း)

...

မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏အပစ်အခတ်ရပ်စဲရေးဆိုင်ရာဒုတိယအကြိမ်ဆွေးနွေးပွဲရွှေ့ပြောင်းခြင်း-(သတင်းအစီအရင်ခံခြင်း)

Mizzima News, 02 Dec 2013

URL: http://www.mizzima.com/mizzima-news/politics/item/10692-2nd-round-myanmar-gov-t-ethnic-armed-groups-ceasefire-talks-put-off-report
ယခုလတွင်ပြုလုပ်ရန်ကြန့်ကြာမှုများကြောင့်နောက်လတိုင်အောင်ရွှေ႕ပြောင်းခဲ့ရသောမြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်(၁၇)အုပ်စုမှခေါင်းဆောင်များသည်နိုင်ငံတဝှမ်းလုံးဆိုင်ရာအပစ်အခပ်ရပ်စဲရေးကိုဒုတိယအကြိမ် ဆွေးနွေးမှုများပြုလုပ်ရန်အတွက်အချိန်ဇယားထွက်လာခဲ့ပြီဟုကရင်အမျိုးသားအစည်းအရုံး(KNU)၏ေပြာဆိုချက်များကိုကိုးကားပြီးပြည်တွင်း(7-Day)စာစောင်မှတနလၤာေန့တွင်ဖော်ပြလိုက်သည်။
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာစည်းလုံးညီညွတ်မှုအသင်းနှင့်အစိုးရ၏ဗဟိုငြိမ်းချမ်းရေးလုပ်ဆောင်မှုကော်မတီတို့အတွင်းဒုတိယအကြိမ်ဆွေးနွေးမှုများကိုအစပိုင်း၌ဒီဇင်ဘာ(၁၉-၂၀)ရက်နေ့တွင် ကရင်ပြည်နယ်၏မြို့တော်ဖြစ်သောဘားအံမြို့တွင်ပြုလုပ်ရန်အတွက်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှဆွေးနွေးမှုများပြုလုပ်ရန်အတွက်ကောင်းစွာအဆင်သင့်မဖြစ်သေးသည့်အပြင်ခရစ်စမတ်လည်းနီးလာပြီဖြစ်သောကြောင့်ဆွေးနွေးမှုများကိုဆောင်ရွက်ထားသည့်အတိုင်းကျင်းပရန်မဖြစ်နိုင်တော့ပေ၊ ထို့ကြောင့်ပြောဆိုဆွေးနွေးမှုများကို၂၀၁၄ဇန်နဝါရီလသို့ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း KNUဗဟိုကော်မတီအဖွဲ့ ဝင်တဦးမှပြောကြားခဲ့သည်။
နိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးပွဲများရှိလာစေရန်အတွက်ဆွေးနွေးမှုများတွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုများကိုနောက်ဆုံးအဆင့်ထိရောက်ရှိလာစေရန်မျှော်လင့်ခဲ့ကြသည်။
နိုဝင်ဘာလတွင်ကချင်ပြည်နယ်မြောက်ပိုင်းမြစ်ကြီးနားမြို့၌ပထမအကြိမ်ဆွေးနွေးမှုများကျင်းပသည့်အချိန်အတွင်းတွင်တိုင်းရင်းသားခေါင်းဆောင်များမှတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအတွက်ဘောင်အတွင်းမှအချက်(၁၁)ချက် ကိုအစိုးရအားတင်ပြခဲ့ပြီးအစိုးရဘက်မှလည်းတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမူကြမ်းကိုရှေးဦးစွာထည့်သွင်းထားသည်။ထို့နောက်ဆွေးနွေးမှုများအတွင်းမှတခြားအဆိုပြုချက်များကိုမူနှစ်ဘက်စလုံးမှတုံ့ပြန်မှုများချက်ချင်းမပေးခဲ့ကြပေ။